Impulsiveness ကို လွယ်လွယ် ရှင်းရှင်း ပြောရရင်တော့ ” စိတ်မထိန်းနိုင်ခြင်း ” လို့ ပြောလို့ရပါတယ်။
#စိတ် မထိန်းနိုင်တာကနေ #ကိုယ် ပါ မထိန်းနိုင်ဘူးဆိုရင်တော့ ” စိတ်လိုက်မာန်ပါ ” ဆိုတဲ့ အခြေအနေလို့ ပြောလို့ ရသွားပါပြီ။တကယ်တန်းကတော့impulse ဆိုတာကကာယကံ တော့ မဟုတ်သေးပါဘူး။တခုခုကို reactact လုပ် ချင်နေတဲ့မနောကံ သက်သက်/ mental urgeအခြေအနေတခု သာဖြစ်ပါတယ်။ဒီကနေမှ ဖြစ်လာတဲ့လက်ရောက်မှု့တွေကိုတော့“ Impulse Control Disorders “ “ စိတ် ထိန်းသိမ်းနိုင်မှု့ အားနည်းခြင်း ကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲ ဆိုးကျိုးများ “ အနေနဲ့ သတ်မှတ်လို့ရပါတယ်။ ဥပမာ ပြောရရင် ___
Kleptomania; သူများပစ္စည်းတွေ (မလိုအပ်ဘဲ) မခိုးရရင်မနေနိုင်ခိုးယူတတ်တာမျိုးPyromania; ( အကြောင်းမဲ့) မီးမရှို့ရ မနေနိုင် မီးခဏခဏ ရှို့တတ်တာမျိုး . . .#Types
——————
အကြမ်းဖျင်း ပြောရရင်တော့ “ Impulse Control Disorders “ လိုပြောရမယ့် သိသိသာသာ pathologically
စိတ်မထိန်းနိုင်တာမျိုးနဲ့ “ Delay discounting “ လို့ခေါ်တဲ့ မထင်မရှား non-pathologically စိတ်မထိန်းနိုင်တာမျိုးဆိုပြီး ရှိပါတယ်။ Delay discounting ဆိုတာက လက်ရှိ အချိန် အခြေအနေနဲ့ အနီးစပ်ဆုံး immediate smaller reward ကိုသာ ရွေးချယ်ပြီး မလာသေးတဲ့ future bigger reward ကို ငြင်းပယ်ခြင်း မျိုးကို ဆိုလိုပါတယ်။ ဥပမာ ___ မနက်ဖြန် ငါးထောင်ယူမလား ? ? နောက် တလကြာရင် တသောင်းယူမလား ? ? ဆိုရင် အခု ရမဲ့ ငါးထောင်ကိုဘဲရွေးတဲ့ သဘောပါဘဲ။ အသေးစိပ် ထပ်စဉ်းစားရင်တော့ time preference, preference reversal, probabilistic discounting, hyperbolic discounting စသဖြင့် ထည့်သွင်း စဉ်းစားစရာ အချက်တွေနဲ့ ကျယ်ကျယ် ပြန့်ပြန့် ရှိပါသေးတယ်။ Delay Discounting in Daily
———————————————
Daily life မှာလည်း delay discounting အပြုအမူတွေကို တော်တော် များများ တွေ့ရပါတယ်။
ဥပမာ__ တချို့ သွေးတိုး ဆီးချို ရှိတဲ့သူတွေက အစား အသောက် ရှောင်လို့ ရလာမဲ့ အကျိုး ( future bigger reward ) ထက် အချို အငံမရှောင်ဘဲ စိတ်ရှိတိုင်း စားနေလို့ရနေတဲ့ လတ်တလော ကျေနပ်မှု့ ( immediate smaller reward ) တွေကိုဘဲ ပိုပြီး ရွေးချယ်တတ်ကြမျိုး . . . အလားတူ ကုသမှု့ပိုင်းမှာလဲ ရေတို သက်သာဖို့အတွက် ဦးစားပေးပြီး ရေရှည် ဆိုးကျိုးတွေကို မျက်ကွယ်ပြု ပြီး steroids တွေ လှိုင်လှိုင် သုံးနေကြတာမျိုးလည်း ရှိပါတယ်။
ဒါ့အပြင်ဆေးစွဲတဲ့သူတွေ,အရက်စွဲသူတွေ,game/ လောင်းကစားစွဲတဲ့သူတွေ မှာလည်းအလားတူ immediate gratification ကိုဘဲဦးစားပေးတဲ့ အပြုအမူမျိုး ရှိကြပါတယ်။Delay Gratifications——————————-
Neuroscience အရမိမိဆန္ဒကို ထိန်းချုပ်နိုင်မှု့ကဦးနှောက်အရှေ့ပိုင်း (Frontal Lobe ) နဲ့သက်ဆိုင်တယ်လို့ ဆိုပါတယ်။ဒါကြောင့်ဘဲအသက်အရွယ် ကြီးပြင်းလာမှု့Frontal Lobe ကြီးထွားလာမှု့နဲ့အတူမိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းများပြားလာတာဘဲ ဖြစ်ပါတယ်။ဆေးလိပ်, အရက်နဲ့တချို့စွဲလမ်းစေတတ်တဲ့ အရာတွေကိုအသက် ၁၈ နှစ်ကျော်မှဘဲခွင့်ပြုပေးထားခြင်းက Frontal Lobe ရဲ့မိမိကိုယ့်ကို ထိန်းသိမ်း နိုင်စွမ်းရှိလာချိန်အတွက်ရည်သန်ထားခြင်းဘဲ ဖြစ်ပါတယ်။
သုတေသနတွေ အလိုအရငယ်စဉ်ကတည်းကself control ( decrease delay discounting )ကောင်းခဲ့တဲ့ ကလေးတွေကကြီးလာတဲ့အခါ အောင်မြင်နိုင်ခြေများတယ်လို့ဆိုပါတယ်။Neutralized Gratification or Precepts of Buddha
—————————————————————————
Self control တနည်းအားဖြင့်Controlled Impulse Conditionဆိုတာကို“ Delay Gratification “ လို့ လည်းပြောလို့ရပါတယ်။မိမိ စိတ်ဆန္ဒ (Impulsiveness) ကိုထိန်းရ သိမ်းရတဲ့ Delay Gratification ကဗုဒ္ဓအဆုံးအမ တွေထဲက“ သီလ “ ဆိုတာနဲ့ ဆင်တူသလိုတော့ ရှိပါတယ်။ဒါပေမဲ့ အနှစ် အရသာ အားဖြင့် ကွဲပြားနေပါတယ်။ဗုဒ္ဓဝါဒီအရ သီလ ကိုအဓိပ္ပာယ်ဖွင့်ဆိုတဲ့အထဲမှာ“ စေတနာသည် သီလမည်၏စေတသိတ် သည် သီလမည်၏စောင့်စည်းခြင်း (သံဝရ) သည် သီလမည်၏မလွန်ကျူးခြင်း ( အဝီတိက္ကမ) သည် သီလမည်၏ “လို့ ဝိသုဒ္ဓိမဂ် မှာဖော်ပြပါတယ်။“ ကိလေသာရေအယဉ်တို့ကို ပညာဖြင့် ပိတ်ဆို့ရာ၏ “လို့ လည်းဖွင့်ဆို ထားတဲ့“ ဉာဏသံဝရ “ ဆိုတာရှိပါ တယ်။ဒီလို အနေအထားမှာ“ သီလ “ ကို အနောက်တိုင်းစကားလုံးနဲ့လဲလှယ်သုံးနှုန်းရမယ်ဆိုရင်Delay Gratification မဟုတ်တော့ဘဲ“ Neutralized Gratification “က အသင့်တော်ဆုံး ဖြစ်မယ်ထင်ပါတယ်။ပူခြင်း၊ အေးခြင်း၊ ဆာလောင်ခြင်း . . . စတဲ့ conditionsတွေကို သည်းခံတာကလည်း“ ခန္တီသံဝရ “ မည်တဲ့ သီလ တခုအနေနဲ့အကျုံးဝင်ကြောင်း ဖော်ပြထားပါတယ်။Six sense ကလာတဲ့ stimulus တွေကိုသည်းခံတယ် ဆိုတဲ့ နေရာမှာ လည်း“ အလုံးစုံကို ကြိတ်မှိတ်ခံခေါင်းငုံခံရမယ် လို့ မဆိုလိုဘူး” ဆိုတဲ့ဆရာတော်ဦးဇောတိကရဲ့စကားလိုဘဲ optimize ဖြစ်ဖို့ လိုအပ်ပြန်ပါတယ်။Optimized ဖြစ်ပြီး React လုပ်ဖို့ကောင်းပါတယ်။Optimized ဖြစ်ပြီး React လုပ်တာနဲ့Impulsive ဖြစ်ပီး React လုပ်တာနဲ့က ဘာကွာလည်းဆိုတော့စိတ်ရဲ့ friction အနည်း/အများ ကွာပါတယ်။ဆိုတော့ခင်ဗျားအတွက်ရော ..ကျွန်တော့်အတွက်ရော ..အကုန်လုံးအတွက်ရော . . .ပူခြင်း၊ အေးခြင်း၊ ဆာလောင်ခြင်း၊သဘောကျခြင်း၊ ဒေါသထွက်ခြင်း . . . စတဲ့ခံစားချက်တွေအတွက်အသိဉာဏ် ဦးစီးတဲ့“ Balanced & Optimized Impulse Reaction “များဖြစ်နိုင်ကြပါစေလို့ ရည်စူးလျှက် . . .
Written by Dr. Thaw Tar Aung
Page တွင် တင်ထားသော စိတ်ကျန်းမာရေးစာစုများကို အောက်ပါလင့်မှတဆင့် ဖတ်နိုင်ပါသည်။
■ ကိုယ်တိုင်ပဲဖြစ်ဖြစ်..ကိုယ်ချစ်ခင်တဲ့သူ တဦးဦးပဲဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားနေရရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ တွန့်ဆုတ်မနေပါနဲ့။
■ ဆွေးနွေးတိုင်ပင်ဖို့ မလိုသေးပါဘူး၊ ဆွေးနွေးရတာ ရှက်စရာကြီးလို့လဲ မတွေးပါနဲ့။ စောစောကုသမှု ခံယူလေ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေနဲ့ စောစောကင်းလွတ်လေ ဆိုတာ အမှတ်ရပါ။
■ ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံစွာနဲ့ သေချာအချိန်ပေးပြီး နွေးထွေးပွင့်လင်းစွာ ဆွေးနွေးပေးတဲ့ စိတ်ကျန်းမာရေးအထူးကုတွေနဲ့ တိုင်ပင်ဖို့ အခက်အခဲကြုံနေရရင် Hepta Mental Health Clinic က ကူညီပေးနိုင်ပါတယ်ခင်ဗျ။
■ ဆွေးနွေးလိုလျင် Page Messenger (သို့မဟုတ်) ဖုန်းနံပါတ် 09-885-044-884 ကို ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်း ယူလို့ရပါတယ်ခင်ဗျာ။