215, Thiri Mingalar Road, Ywarma East Ward, Insein Township, Yangon, Myanmar, 11011

Have You Any Quires ?

ဘဝခရီးလမ်းချောမွေ့စေဖို့မိမိရဲ့ကြံ့ခိုင်မှုကိုစစ်ဆေးနည်း

◾

ကြမ်းတမ်းတဲ့ လမ်းခရီးကို ကားနဲ့ သွားတော့မယ်ဆိုရင် အန္တရာယ်ကင်းအောင် ကားကြံ့ခိုင်မှု ကောင်း၊ မကောင်းကို စစ်ဆေးတတ်ကြပါတယ်။

◾

အဲလို စစ်ဆေးပြင်ဆင်သွားမှ လမ်းခရီးမှာ လမ်းကွေ့တွေ၊ လမ်းကြမ်းတွေကြုံတဲ့အခါ လမ်းချော်တာမျိုး မဖြစ်ဘဲ အန္တရာယ်ကင်းကင်းနဲ့ လိုရာပန်းတိုင်ကို ရောက်ကြမှာပါ။

◾

ဘဝမှာ ရှင်သန်ရုန်းကန်ရတာကလဲ ကားနဲ့ခရီးထွက်သလိုပါပဲ။ လောကဓံတွေ ကြုံတဲ့အခါ အဆင်ပြေ​ပြေနဲ့ ကျော်ဖြတ်နိုင်ဖို့ ကိုယ့်ရဲ့ ရုပ်နဲ့ စိတ်ပိုင်းကြံ့ခိုင်မှုတွေကို စစ်ဆေးသင့်ပါတယ်။

အခု အဲလို ကြံ့ခိုင်မှုစစ်ဆေးနည်းကို ဗဟုသုတအနေနဲ့ မျှဝေပေးပါ့မယ်။

◾

ခရီးမထွက်ခင် ကားမှာ ဆီ၊ရေ၊လေ၊အင်ဂျင်ဝိုင် အဆင်​ပြေလား စစ်ဆေးကြသလိုပဲ။ မိမိရဲ့ ကြံ့ခိုင်မှုကို စစ်ဆေးတော့မယ်ဆိုရင် အတွေး၊ ခံစားချက်၊ ရုပ်၊ အပြုအမူဆိုပြီး ၄ ပိုင်း ခွဲခြားပြီး စစ်ဆေးသင့်ပါတယ်။

စစ်ဆေးရမဲ့ အကြမ်းဖျင်း အချက်တွေကတော့

1️⃣

#အတွေးပိုင်း

◾

အရင်က

✔

ကိုယ့်ကိုယ်ကို အကောင်းမြင်တယ်။ ဘာမဆို ငါရင်ဆိုင်ဖြေရှင်းနိုင်တယ်လို့ တွေးတယ်။

✔

သူများတွေကိုလဲ အကောင်းမြင်တယ်။

✔

အနာဂတ်အတွက်လဲ ချမှတ်ထားတဲ့ ရည်မှန်းချက်တွေရှိတယ်။

◾

စိတ်ဖိစီးစရာ အခက်အခဲတွေကြုံပြီးတဲ့နောက်မှာ

✖

 ကိုယ့်ကိုယ်ကို အဆိုးမြင်လာတာ…

✖

တခြားသူတွေ လွယ်လွယ်ကူကူလုပ်နိုင်တဲ့အရာတွေကိုတောင် ငါ လုပ်နိုင်ပါတော့မလားလို့ တွေးမိလာတာ…

✖

တခြားသူတွေကို အဆိုးမြင်လာတာ…

✖

လောကကြီးကို မုန်းတီးလာတာ…

✖

ရည်မှန်းချက်တွေပျောက်ဆုံးပြီး ဘဝကို အေးအေးချမ်းချမ်းနေရရင် တော်ပါပြီ… လို့ တွေးမိလာတာမျိုးတွေဖြစ်နေသလား ဆန်းစစ်ပါ။

2️⃣

#ခံစားချက်ပိုင်း

◾

အရင်က

✔

အနေအေးပြီး စိတ်ရှည်တယ်။

✔

တော်ရုံနဲ့ မပေါက်ကွဲတတ်ဘူး။

✔

သံသယ မများတတ်ဘူး။

✔

စိုးရိမ်စိတ်လွန်ကဲတာ၊ ခံစားချက်ပြင်းထန်တာမျိုး မရှိဘူး။

◾

ဒါပေမဲ့ အခုကာလမှာ

✖

စိတ်တိုဒေါသထွက်လွယ်နေတာ…

✖

ဘာမဟုတ်တာလေးတွေကို စိုးရိမ်တတ်လာတာ…

✖

ဝမ်းနည်းလွယ်လာတာ…

✖

သံသယများလာတာမျိုးတွေ ဖြစ်နေသလား ဆန်းစစ်ပါ။

3️⃣

#ရုပ်ပိုင်း

◾

အရင်က

✔

အိပ်ပျော်၊ စားဝင်တယ်။

✔

တက်တက်ကြွကြွလှုပ်ရှားသွားလာနိုင်တယ်။

✔

တော်ရုံနဲ့ မဖျားတတ်

✔

မပင်ပန်းလွယ်ဘူး။

◾

အခုနောက်ပိုင်း

✖

အိပ်ရခက်လာတာ..

✖

နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာ…

✖

စား​သောက်လို့ အရင်လို အရသာမတွေ့တာ…

✖

ပင်ပန်းစရာတွေ မလုပ်ဘဲနဲ့ ပင်ပန်းနွမ်းနယ်တာ…

✖

လှုပ်ရှားမှုတွေ နှေးကွေးလေးလံလာတာ…

✖

မကြာခဏ ခေါင်းကိုက်တတ်တာ…

✖

ရင်တုန်တာ…

✖

အသက်ရှုကျပ်လာတာ စတာတွေ ဖြစ်နေပါသလား။

4️⃣

#အပြုအမူပိုင်း

◾

အရင်က

✔

အိပ်ချိန်မှန်

✔

စားချိန်မှန်တယ်။

✔

အားလပ်ချိန်မှာ Series ကြည့်တာ

✔

gym ကစားတာ

✔

ဘော်ဒါတွေနဲ့ စကားလက်ဆုံကျတာ စတဲ့ ဝါသနာပါတာလေးတွေ လုပ်ပြီး အပန်းဖြေတတ်တယ်။

◾

အခုတော့

✖

အိပ်ချိန်၊ စားချိန်မမှန်ဘူး။

✖

အရင်လို လုပ်ရပျော်တဲ့ကိစ္စတွေ မလုပ်ဖြစ်တော့ဘူး။

✖

ဘော်ဒါတွေနဲ့ ခပ်ဝေးဝေးနေပြီး တယောက်ထဲ နေလာတယ်။

✖

မိမိကိုယ်ကို ထိခိုက်စေနိုင်တဲ့ အရက်၊ မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ လောင်းကစား စတာတွေကို အရင်ထက် ပိုလုပ်မိနေတာမျိုးတွေ ဖြစ်နေသလား ဆန်းစစ်ပါ။

❗

ပြောခဲ့တဲ့ အချက်တွေ ကြုံနေပြီဆိုရင်တော့ သင့်ရဲ့ ကြံ့ခိုင်မှု အားနည်းနေပါပြီ။ ကြံခိုင်မှုကောင်းအောင် ပြုပြင် ထိန်းသိမ်းဖို့ လိုအပ်နေပါပြီ။

❗

ဒီအရာတွေကို မပြုပြင်ဘဲ ဆက်သွားရင် တချိန် ဘဝလမ်းခရီးမှာ အခက်ကြုံပြီး ကိုယ်လိုရာဘဝရည်မှန်းချက် ပန်းတိုင်ကို ရောက်နိုင်မှာမဟုတ်ပါဘူး။ အခန့်မသင့်ရင် သာယာတဲ့ဘဝလမ်းကြောင်းကနေ သွေဖယ်ပြီး စိတ်ရောဂါဆိုတဲ့ လမ်းကြောင်းပေါ်ရောက်သွားနိုင်ပါတယ်။

ဒါကြောင့် အပေါ်ကပြောခဲ့တဲ့ နည်းအတိုင်း

▪

ကိုယ့်ကိုယ်ကို အပိုင်း ၄ပိုင်းခွဲပြီး ဆန်းစစ်ကြည့်ပါ။

▪

အရင်ကနဲ့ မတူတော့ပဲ အဆိုးဘက် ပြောင်းလဲသွားတဲ့ အချက်တွေကို ချရေးပါ။

▪

အရင်လို ပြန်ဖြစ်အောင် ကြိုးစားပြင်ဆင်ပါ။

▪

 ကြိုးစားပြင်ဆင်လို့ အဆင်မပြေရင် mental health professional တွေဆီက အကူအညီရယူပါ။

ဒီလို ပြုပြင်သွားရင် ဘဝခရီးလမ်းကို အဆင်ပြေပြေနဲ့ ဖြတ်သန်းနိုင်မှာပါ။

အားလုံးပဲ စိတ်ရော ကိုယ်ပါ ကြံ့ခိုင်စွာနဲ့ လောကဓံကို ကျော်ဖြတ်နိုင်ကြပါစေဗျာ…

📌

 Page တွင် တင်ထားသော စိတ်ကျန်းမာရေးစာစုများကို အောက်ပါလင့်မှတဆင့် ဖတ်နိုင်ပါသည်။

https://www.facebook.com/100201764938211/posts/563069111984805

■ ကိုယ်တိုင်ပဲဖြစ်ဖြစ်..ကိုယ်ချစ်ခင်တဲ့သူ တဦးဦးပဲဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားနေရရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ ​တွန့်ဆုတ်မနေပါနဲ့။

■ ဆွေးနွေးတိုင်ပင်ဖို့ မလိုသေးပါဘူး၊ ဆွေးနွေးရတာ ရှက်စရာကြီးလို့လဲ မတွေးပါနဲ့။ စောစောကုသမှု ခံယူလေ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေနဲ့ စောစောကင်းလွတ်လေ ဆိုတာ အမှတ်ရပါ။

■ ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံစွာနဲ့ သေချာအချိန်ပေးပြီး နွေးထွေးပွင့်လင်းစွာ ဆွေးနွေးပေးတဲ့ စိတ်ကျန်းမာရေးအထူးကုတွေနဲ့ တိုင်ပင်ဖို့ အခက်အခဲကြုံနေရရင် Hepta Mental Health Clinic က ကူညီပေးနိုင်ပါတယ်ခင်​ဗျ။

■ ဆွေးနွေးလိုလျင် Page Messenger (သို့မဟုတ်) ဖုန်းနံပါတ် 09-885-044-884 ကို ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်း ယူလို့ရပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *