
ကြမ်းတမ်းတဲ့ လမ်းခရီးကို ကားနဲ့ သွားတော့မယ်ဆိုရင် အန္တရာယ်ကင်းအောင် ကားကြံ့ခိုင်မှု ကောင်း၊ မကောင်းကို စစ်ဆေးတတ်ကြပါတယ်။

အဲလို စစ်ဆေးပြင်ဆင်သွားမှ လမ်းခရီးမှာ လမ်းကွေ့တွေ၊ လမ်းကြမ်းတွေကြုံတဲ့အခါ လမ်းချော်တာမျိုး မဖြစ်ဘဲ အန္တရာယ်ကင်းကင်းနဲ့ လိုရာပန်းတိုင်ကို ရောက်ကြမှာပါ။

ဘဝမှာ ရှင်သန်ရုန်းကန်ရတာကလဲ ကားနဲ့ခရီးထွက်သလိုပါပဲ။ လောကဓံတွေ ကြုံတဲ့အခါ အဆင်ပြေပြေနဲ့ ကျော်ဖြတ်နိုင်ဖို့ ကိုယ့်ရဲ့ ရုပ်နဲ့ စိတ်ပိုင်းကြံ့ခိုင်မှုတွေကို စစ်ဆေးသင့်ပါတယ်။
အခု အဲလို ကြံ့ခိုင်မှုစစ်ဆေးနည်းကို ဗဟုသုတအနေနဲ့ မျှဝေပေးပါ့မယ်။

ခရီးမထွက်ခင် ကားမှာ ဆီ၊ရေ၊လေ၊အင်ဂျင်ဝိုင် အဆင်ပြေလား စစ်ဆေးကြသလိုပဲ။ မိမိရဲ့ ကြံ့ခိုင်မှုကို စစ်ဆေးတော့မယ်ဆိုရင် အတွေး၊ ခံစားချက်၊ ရုပ်၊ အပြုအမူဆိုပြီး ၄ ပိုင်း ခွဲခြားပြီး စစ်ဆေးသင့်ပါတယ်။
စစ်ဆေးရမဲ့ အကြမ်းဖျင်း အချက်တွေကတော့


အရင်က

ကိုယ့်ကိုယ်ကို အကောင်းမြင်တယ်။ ဘာမဆို ငါရင်ဆိုင်ဖြေရှင်းနိုင်တယ်လို့ တွေးတယ်။

သူများတွေကိုလဲ အကောင်းမြင်တယ်။

အနာဂတ်အတွက်လဲ ချမှတ်ထားတဲ့ ရည်မှန်းချက်တွေရှိတယ်။

စိတ်ဖိစီးစရာ အခက်အခဲတွေကြုံပြီးတဲ့နောက်မှာ

ကိုယ့်ကိုယ်ကို အဆိုးမြင်လာတာ…

တခြားသူတွေ လွယ်လွယ်ကူကူလုပ်နိုင်တဲ့အရာတွေကိုတောင် ငါ လုပ်နိုင်ပါတော့မလားလို့ တွေးမိလာတာ…

တခြားသူတွေကို အဆိုးမြင်လာတာ…

လောကကြီးကို မုန်းတီးလာတာ…

ရည်မှန်းချက်တွေပျောက်ဆုံးပြီး ဘဝကို အေးအေးချမ်းချမ်းနေရရင် တော်ပါပြီ… လို့ တွေးမိလာတာမျိုးတွေဖြစ်နေသလား ဆန်းစစ်ပါ။


အရင်က

အနေအေးပြီး စိတ်ရှည်တယ်။

တော်ရုံနဲ့ မပေါက်ကွဲတတ်ဘူး။

သံသယ မများတတ်ဘူး။

စိုးရိမ်စိတ်လွန်ကဲတာ၊ ခံစားချက်ပြင်းထန်တာမျိုး မရှိဘူး။

ဒါပေမဲ့ အခုကာလမှာ

စိတ်တိုဒေါသထွက်လွယ်နေတာ…

ဘာမဟုတ်တာလေးတွေကို စိုးရိမ်တတ်လာတာ…

ဝမ်းနည်းလွယ်လာတာ…

သံသယများလာတာမျိုးတွေ ဖြစ်နေသလား ဆန်းစစ်ပါ။


အရင်က

အိပ်ပျော်၊ စားဝင်တယ်။

တက်တက်ကြွကြွလှုပ်ရှားသွားလာနိုင်တယ်။

တော်ရုံနဲ့ မဖျားတတ်

မပင်ပန်းလွယ်ဘူး။

အခုနောက်ပိုင်း

အိပ်ရခက်လာတာ..

နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာ…

စားသောက်လို့ အရင်လို အရသာမတွေ့တာ…

ပင်ပန်းစရာတွေ မလုပ်ဘဲနဲ့ ပင်ပန်းနွမ်းနယ်တာ…

လှုပ်ရှားမှုတွေ နှေးကွေးလေးလံလာတာ…

မကြာခဏ ခေါင်းကိုက်တတ်တာ…

ရင်တုန်တာ…

အသက်ရှုကျပ်လာတာ စတာတွေ ဖြစ်နေပါသလား။


အရင်က

အိပ်ချိန်မှန်

စားချိန်မှန်တယ်။

အားလပ်ချိန်မှာ Series ကြည့်တာ

gym ကစားတာ

ဘော်ဒါတွေနဲ့ စကားလက်ဆုံကျတာ စတဲ့ ဝါသနာပါတာလေးတွေ လုပ်ပြီး အပန်းဖြေတတ်တယ်။

အခုတော့

အိပ်ချိန်၊ စားချိန်မမှန်ဘူး။

အရင်လို လုပ်ရပျော်တဲ့ကိစ္စတွေ မလုပ်ဖြစ်တော့ဘူး။

ဘော်ဒါတွေနဲ့ ခပ်ဝေးဝေးနေပြီး တယောက်ထဲ နေလာတယ်။

မိမိကိုယ်ကို ထိခိုက်စေနိုင်တဲ့ အရက်၊ မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ လောင်းကစား စတာတွေကို အရင်ထက် ပိုလုပ်မိနေတာမျိုးတွေ ဖြစ်နေသလား ဆန်းစစ်ပါ။

ပြောခဲ့တဲ့ အချက်တွေ ကြုံနေပြီဆိုရင်တော့ သင့်ရဲ့ ကြံ့ခိုင်မှု အားနည်းနေပါပြီ။ ကြံခိုင်မှုကောင်းအောင် ပြုပြင် ထိန်းသိမ်းဖို့ လိုအပ်နေပါပြီ။

ဒီအရာတွေကို မပြုပြင်ဘဲ ဆက်သွားရင် တချိန် ဘဝလမ်းခရီးမှာ အခက်ကြုံပြီး ကိုယ်လိုရာဘဝရည်မှန်းချက် ပန်းတိုင်ကို ရောက်နိုင်မှာမဟုတ်ပါဘူး။ အခန့်မသင့်ရင် သာယာတဲ့ဘဝလမ်းကြောင်းကနေ သွေဖယ်ပြီး စိတ်ရောဂါဆိုတဲ့ လမ်းကြောင်းပေါ်ရောက်သွားနိုင်ပါတယ်။
ဒါကြောင့် အပေါ်ကပြောခဲ့တဲ့ နည်းအတိုင်း

ကိုယ့်ကိုယ်ကို အပိုင်း ၄ပိုင်းခွဲပြီး ဆန်းစစ်ကြည့်ပါ။

အရင်ကနဲ့ မတူတော့ပဲ အဆိုးဘက် ပြောင်းလဲသွားတဲ့ အချက်တွေကို ချရေးပါ။

အရင်လို ပြန်ဖြစ်အောင် ကြိုးစားပြင်ဆင်ပါ။

ကြိုးစားပြင်ဆင်လို့ အဆင်မပြေရင် mental health professional တွေဆီက အကူအညီရယူပါ။
ဒီလို ပြုပြင်သွားရင် ဘဝခရီးလမ်းကို အဆင်ပြေပြေနဲ့ ဖြတ်သန်းနိုင်မှာပါ။
အားလုံးပဲ စိတ်ရော ကိုယ်ပါ ကြံ့ခိုင်စွာနဲ့ လောကဓံကို ကျော်ဖြတ်နိုင်ကြပါစေဗျာ…

Page တွင် တင်ထားသော စိတ်ကျန်းမာရေးစာစုများကို အောက်ပါလင့်မှတဆင့် ဖတ်နိုင်ပါသည်။
■ ကိုယ်တိုင်ပဲဖြစ်ဖြစ်..ကိုယ်ချစ်ခင်တဲ့သူ တဦးဦးပဲဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားနေရရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ တွန့်ဆုတ်မနေပါနဲ့။
■ ဆွေးနွေးတိုင်ပင်ဖို့ မလိုသေးပါဘူး၊ ဆွေးနွေးရတာ ရှက်စရာကြီးလို့လဲ မတွေးပါနဲ့။ စောစောကုသမှု ခံယူလေ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေနဲ့ စောစောကင်းလွတ်လေ ဆိုတာ အမှတ်ရပါ။
■ ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံစွာနဲ့ သေချာအချိန်ပေးပြီး နွေးထွေးပွင့်လင်းစွာ ဆွေးနွေးပေးတဲ့ စိတ်ကျန်းမာရေးအထူးကုတွေနဲ့ တိုင်ပင်ဖို့ အခက်အခဲကြုံနေရရင် Hepta Mental Health Clinic က ကူညီပေးနိုင်ပါတယ်ခင်ဗျ။
■ ဆွေးနွေးလိုလျင် Page Messenger (သို့မဟုတ်) ဖုန်းနံပါတ် 09-885-044-884 ကို ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်း ယူလို့ရပါတယ်ခင်ဗျာ။
